Pages

Thursday, March 19, 2009

မျှော်လင့်ချက်တစ်ခုနဲ့


ဖတ်နေတဲ့စာအုပ်ပေါ် အရိပ်တစ်ခုက ကျအလာ ခေါင်းမော့ကြည့်မိတော့ ရင်ထဲမှာ လှိုက်ခနဲတက်လာတဲ့ ၀မ်းသာမှုတွေနဲ့ အတူ အော်ခေါ်လိုက်ချင်တာက "Daddy" , ဒါပေမယ့် တစ်ကယ့်တကယ်တမ်း ထွက်သွားတဲ့အသံ ကတော့ "ဦးဇင်းဘုရား "ထိုင်ခုံ နေရာပေးပြီး ဦးဇင်းအနား ပြန်ရောက်လာတော့ မိုးဇက်ဟာ ကလေးငယ်လေးတစ်ယောက်လိုအရမ်း ကိုပျော်ရွှင်နေခဲ့တယ် ။ ဟုတ်တယ် ဒါ မိုးဇက်ရဲ့ ဖေဖေ ၊ မိုးဇက်ရဲ့ ဘ၀ တစ်ခုလုံးမှာ အချစ်ရဆုံးသောဖေဖေ ။
" ဒကာမလေး နေကောင်းရဲ့လား" " တင်ပါ့ဘုရား "
Daddy တစ်ဖြစ်လဲ ဦးဇင်းလဲ ဆက်စရာစကားမရှိတော့သလို မိုးဇက်လဲ ၀မ်းနည်းဝမ်းသာ မျက်နှာလေးနဲ့ ဘာဆက်ပြောရမလဲဆိုတာ မစဉ်းစားတတ်တော့ပါဘူး ။ တကယ်ဆိုရင် အဖေ့ကို မိုးဇက်ပြောပြချင်တာ တွေ အများကြီးပါ ။ "အဖေ နေကောင်းလား " "အဖေ ဘာစားပြီးပြီလဲ" " အဖေ မိုးဇက်အတွက်ဘာမုန့်ပါလာလဲ" "အဖေ ဘယ်ကပြန်လာတာလဲ " " အဖေ ဘယ်" ...................... အာ မိုးဇက်မေးချင်နေတာ အများကြီးပါ ။
တကယ်ဆိုရင် မိုးဇက်အနားမှာ ဖေဖေ မရှိတော့ကတည်းက မိုးဇက်တစ်ယောက်တည်းပဲ ပင်ပန်း အထီးကျန်စွာ အသက်ဆက်ခဲ့ရတာ ။ ဒါပေမယ့် ဘာ့ကြောင့်အသက်ရှင်နေခဲ့လဲ ဆိုရင် ဖေဖေ့ကြောင့်ပါပဲ ။
မိုးဇက်လိုပဲ ဖေဖေ ငယ်ငယ်ကလဲ ဒီလိုပဲ အထီးကျန် ဆန်ခဲ့ရတာ ၊ မိုးဇက်တို့ မောင်နှမတွေ မျက်နှာလေး တွေ့ရဖို့အရေး အဖေ အဝေးကြီး ကနေပြန်လာရတာ ၊ မိသားစုနဲ့နီးနီးကပ်ကပ်နေရပြန်တော့လဲ
ပင်ပန်းဆင်းရဲမှုဆိုတာ သားသမီး တွေ ဘာမှန်းမသိရအောင် အခက်အခဲတွေကြားက ဘယ်သူမှ မသိအောင်ကြိုးစား ဖြေရှင်းခဲ့တာလဲ မိုးဇက်ရဲ့ဖေဖေပါပဲ ။
ဖေဖေ ပင်ပန်းခဲ့ပါပြီ ။ သာသနာ့ဘောင်ထဲဝင်ဖို့ မိသားစုဆီမှာခွင့်ပန်တော့လဲ အငယ်ဆုံး သမီးလေး မိုးဇက်ရဲ့မျက်နှာကို မကြည့်ရက်လို့ မေ မေ ကနေတစ်ဆင့် ပြောပြ ခိုင်းလိုက်တဲ့ဖေဖေ ။ မိုးဇက်ရဲ့
ဝဋ်ကြွေးကံကြမ္မာကိုကယ်တင်ဖို့အတွက် သံယောဇဉ်တွေအားလုံးကို ဖြတ်ပစ်ဖို့ ကြိုးစားခဲ့တာတွေ မိုးဇက်သိပါတယ် ဖေ ဖေ ။
ငယ်ငယ်လေးကတည်းက ဖေဖေ ပြောပြတဲ့ ပုံပြင်တွေကို နားထောင်ချင်ခဲ့တာ ၊ ဖေဖေနဲ့မေမေ ရဲ့လက်ကိုဆွဲပြီး တိရိစ္ဆာန်ရုံတို့ ရုပ်ရှင်ရုံတို့ကို လျှောက်သွားချင်ခဲ့တာ ။ ဒါပေမယ့် ဖေဖေနဲ့မိုးဇက်တို့သာ
အခွဲကြီးခွဲခဲ့ရပေမယ့် ဒီအိမ်မက်တွေဟာ ဖြစ်မလာခဲ့ပါဘူး ။
အခုလဲ မိုးဇက်ရှေ့ကိုဖေဖေ ဟာအိမ်မက်တစ်ခုလို ရောက်လာခဲ့ပြန်ပါပြီ ။ ဖေဖေ ရယ် မိုးဇက်အနားမှာပြန်လာ
နေပေးပါလို့ ဖွင့်မပြောချင်ပေမယ့် မိုးဇက်လူ့လောကမှာနေဖို့ ရက်တွေဘယ်လောက်မှ မကျန်တော့ဘူးဆိုတာ
သိရင် ဖေဖေသာအနားမှာရှိရင်သိပ်ကောင်းမှာပဲ ဆိုတဲ့ မိုးဇက်ရဲ့ မျှော်လင့်ချက်လေးတစ်ခုကို ..........................

1 comments:

kyawnaingsoe said...

teacher, nice letter. Are you Buddhist? Can I friend with you forever, teacher. Pls add me my mail address in your Gmail contacts list na. So that I can send you good forward mails. Pls na. My mail is kyawnsster@gmail.com and kyawnaingsoe41@gmail.com. See you Gmail, your blog and in class. I am ko kyaw naing soe. Hope you can know me.

Pls write continuously good letters. I will arr pay me in your blog.

 
Copyright 2010 ကိုယ့်နေရာ. Powered by Blogger
Blogger Templates created by DeluxeTemplates.net
Wordpress by Wpthemescreator
Blogger Showcase